back

မြန်မာမှတရုတ်သို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းခွဲနီးပါး တင်ပို့

Jan 15 • 2:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာမှတရုတ်သို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းခွဲနီးပါး တင်ပို့

မြန်မာဘက်မှပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းခွဲနီးပါး တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ...

မြန်မာဘက်မှပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းခွဲနီးပါး တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၇၃,၇၂၃ တန်နှင့် ဆန်ကွဲတန်ချိန် ၇၃,၉၈၃တန် တင်ပို့ခဲ့ပြီး နိုင်ငံအလိုက် ဆန်နှင့် ဆန်ကွဲတင်ပို့မှုတွင်လည်း တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်ဒီဇင်ဘာလအတွင်း ပြည်ပနိုင်ငံအသီးသီးသို့ ဆန်တန်ချိန် ၂၃၀,၀၀၀ကျော်နှင့် ဆန်ကွဲတန်ချိန် ၁၀၀,၀၀၀ကျော် တင်ပို့ခဲ့ရပြီး အဆိုပါတင်ပို့မှုမှအမေရိကန်ဒေါ်လာ ၉၉ သန်း ရရှိခဲ့ကြောင်း သိရသည်။ထို့ပြင် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွင်း ပြည်ပနိုင်ငံအသီးသီးသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် နှစ်သန်းကျော် တင်ပို့ခဲ့ရပြီး အမေရိကန်ဒေါ်လာ ၆၇၅ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၏ ထုတ်ပြန်ချက်အရသိရသည်။

news-view-count-icon

33