back

မြန်မာ့ရွှေဈေး အတက်ကြမ်းလာလို့ ဆိုင်တချို့ အခေါက်ရွှေ အရောင်းပိတ်

Jan 15 • 2:31 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ရွှေဈေး အတက်ကြမ်းလာလို့ ဆိုင်တချို့ အခေါက်ရွှေ အရောင်းပိတ်

မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ် သိန်း ၁၀၀ နီးပါးအထိ ထပ်မံ စံချိန်ချိုး မြင့်တက်လာပြီးတဲ့နောက် ယမန်နေ့ဇန်နဝါရီ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ အခေါက်ရွှေ ရောင်းချတဲ့ ရွှေ...

မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ် သိန်း ၁၀၀ နီးပါးအထိ ထပ်မံ စံချိန်ချိုး မြင့်တက်လာပြီးတဲ့နောက် ယမန်နေ့ဇန်နဝါရီ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ အခေါက်ရွှေ ရောင်းချတဲ့ ရွှေဆိုင်တချို့ အရောင်း ပိတ်လိုက်ပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိပါတယ်။မြန်မာ့ရွှေဈေးနှုန်း အဆမတန်မြင့်တက်မှုတွေဟာ ၅ နှစ်အတွင်းမှာ ၆ ဆနီးပါးအထိ ရှိလာပြီး အရောင်းအဝယ်တွေလည်း ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ မန္တလေးအခြေစိုက် ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။လတ်တလောမှာ ကမ္ဘာ့ရွှေဈေးနှုန်းကလည်း တစ်အောင်စကို ဒေါ်လာ ၄,၆၂၀ ကျော်အထိ စံချိန်တင် မြင့်တက်နေသေးတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းတွေဟာ အတက်ဖက်ကို ပိုမိုဦးတည်နေသေးတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။အခုလို ပြည်တွင်းရွှေဈေးနှုန်းတွေက မောက်ကမနဲ့ စံချိန်တင်မြင့်တက်နေပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ကတော့ တစ်ကျပ်သားကို ငွေကျပ် သိန်း ၆၀ နှုန်းနဲ့ပဲ ရောင်းချဖို့ ဆက်လက်ထုတ်ပြန်ထားပါတယ်။



news-view-count-icon

50