ရန်ကုန်-မန္တလေး လမ်းဟောင်းက ရေနီမြို့ စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာသူ တယောက်ချင်းစီကို ဓာတ်ပုံရိုက်ယူပြီး စစ်ဆေးနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။ရေနီမြို့မှာ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်း အစပ်မှာရှိသလို နေပြည်တော်နဲ့ နီးကပ်နေပြီး အဲဒီစစ်ဆေးရေးဂိတ်အနေနဲ့ အရင်က ဖြတ်သွားတဲ့ ကားတွေကို သာမန်စောင့်ကြည့်တဲ့ အနေအထားပဲ ရှိပေမဲ့ အခုရက်ပိုင်းအတွင်း စစ်ဆေးမှု ပုံစံပြောင်းလဲလာတာလို့ ဆိုပါတယ်။အဲဒီ စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းအသုံးပြုတဲ့ ကားပေါ်လိုက်ပါသူတွေကို ဆင်းခိုင်းပြီး ဓာတ်ပုံရိုက်ကာ စစ်ဆေးလာသလို လူငယ်ပိုင်းတွေကို အဓိကထား စစ်ဆေးမေးမြန်းနေတာလို့ ရန်ကုန်-မန္တလေး လမ်းဟောင်းကနေ ပုံမှန်ဖြတ်သန်းသွားလာနေသူတယောက်က ပြောပါတယ်။အခုလို ဓာတ်ပုံရိုက်ယူတာက နည်းပညာအသုံးပြုပြီး ဖမ်းဆီးအရေးယူဖို့ အလိုရှိသူရဲ့ မျက်နှာပုံရိပ်နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့သဘော ဖြစ်နိုင်တယ်လို့ နည်းပညာပိုင်း အကျွမ်းဝင်သူတယောက်က ပြောပါတယ်။
Jan 15 • 2:28 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


