၁၅.၁.၂၀၂၆ ရက်ယနေ့၊ ၀၀ နာရီ၀၆ မိနစ်အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ကင်းတော်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့ပါတယ်။အဆိုပါသတင်းရသဖြင့် ခန္တီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အပေါ့စားစက်(၁)လုံး၊ ပုဂ္ဂလိကပိုင်စက်လှေ(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၀နာရီ ၅၀မိနစ် အချိန် မီးငြိမ်းပါသည်။



