back

၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် လိုင်လီနည်းပြ ယန်နေစီယို ရွေးချယ်ခံရ

Jan 15 • 2:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် လိုင်လီနည်းပြ ယန်နေစီယို ရွေးချယ်ခံရ

လိုင်လီအသင်းရဲ့နည်းပြ ယန်နေစီယိုဟာ ၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ဒီရွေးချယ်မှုကို နာမည်ကျော် ပြင်သစ်မဂ္ဂဇင်း(Franc...

လိုင်လီအသင်းရဲ့နည်းပြ ယန်နေစီယိုဟာ ၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ဒီရွေးချယ်မှုကို နာမည်ကျော် ပြင်သစ်မဂ္ဂဇင်း(France Football)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲရလဒ်အရ ယန်နေစီယိုက အမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ယန်နေစီယိုက (၅၃)မှတ်ရရှိခဲ့တာဖြစ်ပြီး ဆန်းဒါးလန်းနည်းပြ လီဘရစ်က (၃၆)မှတ်နဲ့ ဒုတိယအများဆုံးရရှိခဲ့ပါတယ်။ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်ကတော့ (၅)မှတ်သာရရှိတာကြောင့် အဆင့်(၇)နေရာမှာသာ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ယန်နေစီယိုဟာ ၂၀၂၄ နွေရာသီမှာမှ လိုင်လီအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၂၄-၂၅ ရာသီ ပြင်သစ်လိဂ်မှာ အဆင့်(၅)နေရာရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ (၁၆)သင်းအဆင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

news-view-count-icon

21