back

မက်ဆီသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ချက်လက်မှတ်အလွတ်ထဲမှာ လိုချင်တဲ့ လစာငွေပမာဏ ရေးထည့်ခွင့်ပြုမယ်လို့ အယ်လ်အစ်တီဟတ်အသင်းဥက္ကဋ္ဌ ပြောကြား

Jan 15 • 2:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

မက်ဆီသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ချက်လက်မှတ်အလွတ်ထဲမှာ လိုချင်တဲ့ လစာငွေပမာဏ ရေးထည့်ခွင့်ပြုမယ်လို့ အယ်လ်အစ်တီဟတ်အသင်းဥက္ကဋ္ဌ ပြောကြား

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ အန်မာအယ်လ်ဟာလီက အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသာ အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ချက်လက်မှတ်အလွတ်ပေးပြီး လိုချင...

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ အန်မာအယ်လ်ဟာလီက အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသာ အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ချက်လက်မှတ်အလွတ်ပေးပြီး လိုချင်တဲ့ လစာငွေပမာဏ ရေးထည့်ခွင့်ပြုဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။အယ်လ်အစ်တီဟတ်အသင်းဟာ PSG အသင်းနဲ့ မက်ဆီ စာချုပ်သက်တမ်းကုန်ဆုံးခါစက တစ်နှစ်လစာ ယူရို(၁.၄)ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး မက်ဆီက ငြင်းပယ်ခဲ့ကြောင်းလည်း သိရပါတယ်။မက်ဆီဟာ PSG အသင်းနဲ့ လမ်းခွဲပြီးနောက် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး လစာအဖြစ် တစ်နှစ်ကို ယူရိုသန်း(၅၀)ဝန်းကျင်ရရှိနေကြောင်း သိရပါတယ်။မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် အဲဒီအသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖွယ်ရှိနေပါတယ်။

news-view-count-icon

24