back

ရန်ကုန်၊ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးကင်မရာ၂၅၀ နီးပါး ထပ်တိုးတပ်ဆင်ရန် တင်ဒါခေါ်ယူနေ

Jan 15 • 2:17 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်၊ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးကင်မရာ၂၅၀ နီးပါး ထပ်တိုးတပ်ဆင်ရန် တင်ဒါခေါ်ယူနေ

ရန်ကုန်၊ရွှေတိဂုံစေတီတော်တွင် CCTV ကင်မရာအလုံး ၂၅၀ နီးပါး ထပ်တိုးတပ်ဆင်ရန် စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တင်ဒါခေါ်ယူထားကြောင်း သိရသည်။ဘုရားဖူးပြည်သူများ အမ...

ရန်ကုန်၊ရွှေတိဂုံစေတီတော်တွင် CCTV ကင်မရာအလုံး ၂၅၀ နီးပါး ထပ်တိုးတပ်ဆင်ရန် စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တင်ဒါခေါ်ယူထားကြောင်း သိရသည်။ဘုရားဖူးပြည်သူများ အများဆုံးလာရောက်ဖူးမြော်ရာ စေတီတော်ကြီးဖြစ်သည့်ရွှေတိဂုံစေတီတော်တွင် CCTV ကင်မရာ အလုံး၂၅၀ နီးပါး ထပ်တိုးတပ်ဆင်မည်ဖြစ်ပြီး တင်ဒါခေါ်ယူထားမှုတွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး၌လက်ရှိ အသုံးပြုနေသော Smart Intelligent and Surveillance CCTV System Maintenance ဆောင်ရွက်ရန်နှင့် CCTV Camera၂၄၈ လုံးထပ်တိုး တပ်ဆင်ရန်အတွက် တင်ဒါခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။ထပ်တိုးတပ်ဆင်မည့် ကင်မရာများအား လက်ရှိစနစ်အတွင်း ပေါင်းထည့်ကာချိတ်ဆက် တပ်ဆင်အ သုံးပြုမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

20