ရခိုင်ပြည်မြို့တော် စစ်တွေမြို့မှာ စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့်အထိမ်းအမှတ် အကြိုပွဲအဖြစ် မာရသွန်ပြိုင်ပွဲကျင်းပခဲ့ရာ စစ်တွေက လူငယ်ထောင်နဲ့ချီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။"အဲဒီပြိုင်ပွဲတွေမှာ စစ်တွေမှာရှိတဲ့ လက်လုပ်စားတွေ ဝင်ပြိုင်တာများပါတယ်”လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။ယခု မီနီမာရသွန်ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အမျိုးသား၊ အမျိုးသမီးများအနက် ပထမဆုရရှိသူကို ကျပ် ၁၆ သိန်းနှင့် ဆုတံဆိပ်၊ ဒုတိယဆုကို ကျပ် ၁၀ သိန်းနှင့် ဆုတံဆိပ်၊ တတိယဆုကို ကျပ် ၆ သိန်းနှင့် ဆုတံဆိပ်၊ နှစ်သိမ့်ဆုကို ကျပ် ရှစ်သောင်းနှင့် ဆုတံဆိပ် (၂၀)ဦးနှင့် ပန်းဝင်ဆုကို ကျပ်သုံးသောင်း (၅၀)ဦး စသည်ဖြင့် ဆုအသီးသီးချီးမြှင့်ခဲ့သည်ဟုလည်း ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။စစ်တွေမြို့ကိုတည်ခဲ့သည့် နှစ် (၂၀၀)ပြည့်ပွဲအခမ်းအနားကို ယခု ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စစ်တွေမြို့တွင် ဦးဆောင်ကျင်းပသွားမည်ဟု သိရသည်။



