မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အောင်နနရိပ်သာအရှေ့ရပ်ကွက်၊ ၈၂x၈၃၊ ၃၄x၃၅လမ်းကြား၊ အရှေ့အပ်ချုပ်ဝင်း၊အကွက်(၅၅၃)မှာဇန်နဝါရီလ ၁၄ ရက် ညနေ၅နာရီ၂၀မိနစ်က လျှပ်စစ်ထမင်းပေါင်း အိုးတည်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီး သတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ မီးလောင်မှုကြောင့် နေအိမ်(၅)လုံးခန့် မီးလောင်ဆုံး ရှုံခဲ့ရပြီး အမျိုးသမီး(၁)ဦး မီးခိုးမွှန်ပြီး ဆေးရုံကို ပို့ ဆောင်ပေးခဲ့ရတယ်လို့ ကြီး စုံစမ်းသိရှိရပါတယ်။



