မြတ်ပန်းရဂုံစာပေတိုက်နှင့် စာပုံနှိပ်စက်ပိုင်ရှင် ဆရာအောင်ကျော်ထူး(မြတ်ပန်းရဂုံ) (ခ) အောင်ပန်းချောင်းသား(ရေစကြို) အသက် (၇၂)နှစ်သည် ဇန်နဝါရီ ၁၄ ရက်၊ နံနက် ၇ နာရီ ၄၇ မိနစ်က ဘန်ကောက်မြို့၌ ကင်ဆာရောဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။စာရေးဆရာ အောင်ကျော်ထူး(မြတ်ပန်းရဂုံ) (ခ) အောင်ပန်းချောင်းသား(ရေစကြို)သည် ကင်ဆာရောဂါဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဆေးဝါးကုသနေရင်း ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။ ဆရာအောင်ကျော်ထူး(မြတ်ပန်းရဂုံ) (ခ) အောင်ပန်းချောင်းသား(ရေစကြို)သည် လေအန်ကုန်းစာပေရပ်ဝန်း ဒုတိယ ဥက္ကဌတာဝန်ယူ ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။ ထို့နောက် သောကြာစာစောင်ကို နှစ်နှစ်တိတိတိုင် ဆရာအောင်ကျော်ထူး(မြတ်ပန်းရဂုံ)က စီစဥ်ထုတ်ဝေခဲ့ပြီး ဆရာသောကြာဦးမောင်လေး၊ ဆရာနန္ဒာမိုးကြယ်၊ ဆရာဆင်ဖြူကျွန်းအောင်သိန်း အစရှိသော စာရေးဆရာများအတွက် ကွယ်လွန်ပြီးနောက် ကောင်းမှုကုသိုလ်ပြုခြင်းများကို ဦးဆောင်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။



