Myanmar National League ll 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11 ) ပွဲစဉ်အဖြစ် ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ယူနီဗာစတီ(၂-၀) ရန်ကုန်စီးတီးအသင်းတို့ ပွဲစဉ်အတွက် AYA Pay အကောင်းဆုံးကစားသမားဆုကို ယူနီဗာစတီအသင်း၏ ဂိုးသမား မင်းခန့်စိုးမှ ရရှိခဲ့သည်။ ၎င်းသည် ယူနီဗာစတီအသင်း အနိုင်ရရှိခဲ့ရာတွင် အရေးပါသော ဂိုးပေါက်ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ချီးမြှင့်ပေးခဲ့သည်။



