အခုရက်ပိုင်းအတွင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနဲ့ ယူ-၁၉ အမျိုးသမီးအသင်းတို့ လေ့ကျင့်ခြေစမ်းပွဲအဖြစ် နှစ်ပွဲကစားရာ လက်ရွေးစင်အမျိုးသမီးက နှစ်ပွဲလုံး အနိုင်ရခဲ့ပါတယ်။ပထမအကြိမ်ခြေစမ်းပွဲမှာ လက်ရွေးစင်အမျိုးသမီးအသင်းက (၁-၀) ဂိုး၊ ဒုတိယအကြိမ်ခြေစမ်းပွဲမှာလည်း လက်ရွေးစင်အမျိုးသမီးအသင်းက (၁-၀) ဂိုး တို့နဲ့ အသီးသီး အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ဇွန်လနောက်ဆုံးပတ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ အာရှဖလားခြေစစ်ပွဲအတွက် လေ့ကျင့်မှုပြုလုပ်နေတာ ဖြစ်ပြီး ယူ-၁၉ အမျိုးသမီးအသင်းဟာ အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးနဲ့ ယူ-၁၉ အမျိုးသမီးတို့ နှစ်ပွဲခြေစမ်းရာ မြန်မာ့လက်ရွေးစင်အသင်းက နှစ်ပွဲလုံး အနိုင်ရရှိခဲ့
May 27 • 12:52 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


