back

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ သီချင်းကို လက်တွဲဖော် အဆိုတော်ရွှေထိုက်နဲ့ သူ့ရဲ့ရှိုးမှာ ပြန်လည်သီဆိုခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

May 27 • 12:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ သီချင်းကို လက်တွဲဖော် အဆိုတော်ရွှေထိုက်နဲ့ သူ့ရဲ့ရှိုးမှာ ပြန်လည်သီဆိုခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က ရန်ကုန်မှာ သူ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲကို ပရိသတ်ပေါင်းထောင်ချီနဲ့ မေလ ၂၄ ရက်နေ့ညမှာ ကျင်းပခဲ့ပါတယ်။ နာမည်ကြီးသီချင်းပေါင်းမြောက်...

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က ရန်ကုန်မှာ သူ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲကို ပရိသတ်ပေါင်းထောင်ချီနဲ့ မေလ ၂၄ ရက်နေ့ညမှာ ကျင်းပခဲ့ပါတယ်။ နာမည်ကြီးသီချင်းပေါင်းမြောက်မြားစွာကို ဖန်တီးသီဆိုခဲ့တဲ့ သူဟာ အဲ့နေ့ပွဲမှာလည်း သူ့ရဲ့တွဲဖက်အဆိုတော်တွေနဲ့အတူ ပြန်လည်သီဆိုခဲ့တာတွေ့ရပါတယ်။ စိတ္တဇအလွမ်းလို့အမည်ရတဲ့ သီချင်းကို စိုင်းစိုင်းခမ်းလှိုင်က ရေးစပ်ခဲ့ပြီး အဆိုတော်ရွှေထိုက်ရဲ့ တစ်ကိုယ်တော် Album ထဲမှာပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။နာမည်လည်းရခဲ့တဲ့ အဆိုပါသီချင်းကို စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ရှိုးပွဲမှာ သူနဲ့အတူ တွဲဖက်ဆိုခဲ့တဲ့ ရွှေထိုက်ကိုပဲ ပွဲထုတ်ပြီး ပြန်လည်သီဆိုခဲ့တာတွေ့ရပါတယ်။



news-view-count-icon

31