back

၂၀၂၅၊မေလ ၂၇ရက်နေ့ နေ့စဉ် ပြည်တွင်း မိုးလေဝသခန့်မှန်းချက်

May 27 • 12:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅၊မေလ ၂၇ရက်နေ့ နေ့စဉ် ပြည်တွင်း မိုးလေဝသခန့်မှန်းချက်

မေ ၂၇ ရက်နေ့ မနက် ၇ နာရီထုတ် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်များတွင် မုတ်သုံလေအားကောင်းနေပြီး မြန်မာနိုင်ငံအထွေထွေတွင် မိုးထစ်ခ...

မေ ၂၇ ရက်နေ့ မနက် ၇ နာရီထုတ် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်များတွင် မုတ်သုံလေအားကောင်းနေပြီး မြန်မာနိုင်ငံအထွေထွေတွင် မိုးထစ်ချုန်းနှင့် မိုးကြီးမှုများ ဖြစ်နိုင်သည်။ ချင်းနှင့် ရှမ်း(မြောက်/အရှေ့)တွင် မိုးနေရာစိပ်စိပ်ကျသော်လည်း ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။ မိုးတိမ်တောင်ဖြစ်မှုများကြောင့် လေပြင်း၊ မိုးကြိုး၊ လျှပ်စီးလက်မှုနှင့် မိုးသီးကြွမှုစသည့် ဖြစ်စဉ်များ ဖြစ်နိုင်သည်။ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတွင်လည်း မိုးသက်လေပြင်းများနှင့် လှိုင်းကြီးမှုရှိနိုင်သဖြင့် သတိပြုရန် အကြံပြုထားသည်။


news-view-count-icon

17