၂၆.၅.၂၀၂၅ ရက်ယနေ့နံနက်အစောပိုင်း မိုးရွာသွန်းနေချိန် မအူပင်မြို့ရှောင်လမ်းမပေါ် ၊ အိုင်ဝိုင်းကျေးရွာ ၊ "ယမုံဦး"စားသောက်ဆိုင်အနီးတွင် အမည် နေရပ်( စုံစမ်းဆဲ ) လမ်းလျှောက်သွားလာနေသူဟု ယူဆရသည့် ကတုံးဆံပင်နှင့် အမျိုးသားတစ်ဦး ကားတိုက်ခံထားရဖွယ်ရှိပြီး လမ်းပေါ်လဲကျ tay ဆုံးနေကြောင်းဖုန်းဆက် အကြောင်းကြားသဖြင့် အနှိုင်းမဲ့မေတ္တာလူမှုကူညီရေးအသင်း (မအူပင်မြို့)မှ ယာဥ်ဖြင့် မအူပင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရပါသည်။



