back

ဖူးခက်တွင် ခရုကောက်သွားသည့် ထားဝယ်ဒေသခံတစ်ဦး ရေနစ်သေဆုံး

May 26 • 12:10 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဖူးခက်တွင် ခရုကောက်သွားသည့် ထားဝယ်ဒေသခံတစ်ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ပါတောင်ကမ်းခြေ၊ မာလင်တောင်ဘက်ခြမ်းတွင် ခရုကောက်သွားသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရေထဲပြုတ်ကျကာ ရေနစ်သေဆုံးသွားကြောင်း နာရေး...

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ပါတောင်ကမ်းခြေ၊ မာလင်တောင်ဘက်ခြမ်းတွင် ခရုကောက်သွားသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရေထဲပြုတ်ကျကာ ရေနစ်သေဆုံးသွားကြောင်း နာရေးကိစ္စ ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။သေဆုံးသူသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာမှ ကိုလုံးလုံး ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။မေလ ၂၅ ရက် ညနေပိုင်းတွင် ပင်လယ်မှ ရုပ်အလောင်း ပြန်ပေါ်လာခဲ့ပြီး ဖူးခက်ကူဆင်သမ်ဖောင်ဒေးရှင်မှ ကယ်ဆယ်ရေးသမားများက ညနေ ၆နာရီဝန်းကျင်တွင် အလောင်းကို ဆယ်ယူနိုင်ခဲ့ကာ ပါတောင်ဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့သည်။




news-view-count-icon

13