ငှက်ပျောပင်စည်ကနေ ထုတ်ယူရရှိတဲ့ ချည်တွေနဲ့ အဝတ်အထည်တွေအပြင် အခြားထုတ်ကုန်တွေကို ပြည်တွင်း သာမက ပြည်ပနိုင်ငံတွေအထိကို ရောင်းချနိုင်ဖို့ ရည်ရွယ်ထားသလို နိုင်ငံတော်အကြီးအကဲကလည်း အားပေးပြီး လိုအပ်တာတွေကို ပံ့ပေးသွားမှာဖြစ်တယ်လို့ Green Banana Myanmar မှ ဈေးကွက်မြှင့်တင်ရေးနှင့် အရောင်း တာဝန်ခံ ဒေါ်သီတာဇော်မင်းက ပြောပါတယ်။လက်ရှိမှာ ငှက်ပျောပင်စည်ကနေ ချည်ထုတ်လုပ်နိုင်ပြီး ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းနဲ့ဝင်ငွေတွေ ရရှိလာနိုင်အောင် တိုင်းနဲ့ပြည်နယ်အတော်များများမှာ သင်တန်းပေးတာ၊ နည်းပညာတွေပေးတာနဲ့ ကုန်ကြမ်း တွေကို ပြန်လည်ဝယ်ယူပေးတာတွေကိုလည်း တစ်ဖက်တစ်လမ်းက လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ငှက်ပျောပင်စည်ကနေ ထုတ်ယူရရှိတဲ့ချည်တွေနဲ့ အဝတ်အထည်တွေနဲ့ အခြားထုတ်ကုန်တွေကို ပြည်တွင်းဈေးကွက်သာမက ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်နိုင်ဖို့ လုပ်ဆောင်နေသလို နိုင်ငံတကာ ပြပွဲ တွေမှာလည်း သွားရောက်ပြသနေတယ်လို့ သိပါတယ်။



