၂၀၂၅ မေ ၂၆ ရက် ရန်ကုန်ရပ်ကွက်ဈေးများတွင် ငါးနီတူခြောက်၊ ငါးကွမ်းရှပ်ခြောက်၊ ငါးကျည်းခြောက်နှင့် ပုစွန်ခြောက်တို့အပါအဝင် ငါးခြောက်၊ အသားခြောက်ဈေးနှုန်းများသည် တစ်ဆယ်သား ၄၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိရှိပြီး ပုံမှန်ထက် ဈေးမြင့်လာကြောင်း တွေ့ရသည်။ ရာသီဥတု၊ ပို့ဆောင်ရေးနှေးကွေးမှုများအပါအဝင် မတည်ငြိမ်သောဈေးကွက်အခြေအနေများကြောင့်ဈေးတက်လာခြင်းဖြစ်နိုင်ကြောင်း ဈေးသည်များကဖော်ပြခဲ့သည်။



