ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့အနီးတွင် ဒို့ညီနောင်မှန်လုံယာဉ်တစ်စီးက ရပ်နေသည့်ကုန်တွဲကားနောက်ပိုင်းကို တည့်ဝင်တိုက်မိ၍ ယာဥ်အကူတစ်ဦး ခြေထောက်နှစ်ဖက်လုံးကျိုးကွဲခြင်း၊ ခေါင်းကွဲခြင်းနှင့် ဝမ်းဗိုက်ဒဏ်ရာပြင်းများရရှိကာ ICU တွင်ကုသခံနေရသည်။ ယာဉ်တိုက်မှုသည် ဒရိုင်ဘာ၏မူးယစ်မှုကြောင့် ဖြစ်ပွားနိုင်သည်ဟု လူမှုကူညီသူများကဆိုသည်။



