မန္တလေးမြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ငလျင်ကြီးအပြီး လည်ပတ်သူများနည်းပါးလာမှုကြောင့် မီနီအိုးဝေသမားများသည် ငုတ်တုတ်ထိုင်နေရခြင်း၊ အုံနာကြေးပေးနိုင်မှု အခက်အခဲများနှင့် ဝင်ငွေအနည်းငယ်ဖြင့် ရက်ရင်းသွားလာနေရခြင်းကို ကြုံတွေ့နေရကြသည်။ ခရီးသည်လျော့နည်းမှုကြောင့် အချို့သော မီနီအိုးသမားများသည် အခြားအလုပ်အကိုင်များသို့ ပြောင်းရွှေ့လာကြောင်းလည်း သိရှိရသည်။



