တစ်ဖက်အသင်းမှာ မာကျောသည့်အသင်းဖြစ်သောကြောင့် လာမည့်ပွဲစဉ်သည် ခက်ခဲသည့်ပွဲစဉ်ဖြစ်၍ အကောင်းဆုံးပြင်ဆင်ထားဟု U16 Pacific Sunfar နည်းပြ ကိုချစ်မင်းပိုင်က ပြောကြားသလို
တစ်ဖက်အသင်းဖြစ်တဲ့ JULLNISS အသင်းမှာ မာကျောတဲ့ အသင်းဖြစ်တာမို့ ခက်ခဲမယ့်ပွဲစဉ်လေးဖြစ်လို့ အကောင်းဆုံးတော့ Training ချိန်တွေမှာ ပြင်ဆင်ထားပါတယ်" ဟု ကိုချစ်မင်းပိုင်က FIFA MFF U16 Futsal League ပြိုင်ပွဲဝင် Pacific Sunfar အသင်းအနေဖြင့် မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် JULLNISS အသင်းဖြင့် MFF Futsal Stadium တွင် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။Pacific Sunfar အသင်းအနေနဲ့ U16, U19 သက်တန်းလိုက် အသင်းတွေ အပြင် ဒီနှစ် League 2 မှ League 1 သို့ တန်းတက် ယှဉ်ပြိုင်ခွင့် ရရှိထား သည့် PSF အသင်းကြီး လည်း ရှိပြီး လာမည့်ပြိုင်ပွဲတွေ အတွက် သေချာ ပြင်ဆင် လျက်ရှိသည်။U16 Pacific Sunfar အသင်းအနေဖြင့် ပွဲစဉ် ၉ ပွဲကစားအပြီးတွင် ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၂၀ ဖြင့် အမှတ်ပေးဇယားအဆင့် ၃ တွင် ရပ်တည်နေသည်။ ဇယားထိပ်အသင်းများအား အမီလိုက်ရန်အတွက် များများပြင်ဆင်သွားရန်လိုကြောင်းလည်း အသင်းနည်းပြကဆိုသည်။



