back

အာဆီယံ ယူ-၁၉ အမျိုးသမီးအသင်းဟာ ပြိုင်ပွဲအတွက် မြန်မာအသင်း ဇွန်လ ၆ ရက်မှာ ဗီယက်နမ်ကို ထွက်ခွာမည်

May 25 • 2:32 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အာဆီယံ ယူ-၁၉ အမျိုးသမီးအသင်းဟာ ပြိုင်ပွဲအတွက် မြန်မာအသင်း ဇွန်လ ၆ ရက်မှာ ဗီယက်နမ်ကို ထွက်ခွာမည်

အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် မြန်မာ ယူ-၁၉ အမျိုးသမီးလက်ရွေးစင်အသင်းဟာ ဇွန်လ ၆ ရက်မှာ ပြိုင်ပွဲကျင်းပမယ့် ဗီယက်နမ်နိုင်ငံကို ထွက်ခွာမှာဖြ...

အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် မြန်မာ ယူ-၁၉ အမျိုးသမီးလက်ရွေးစင်အသင်းဟာ ဇွန်လ ၆ ရက်မှာ ပြိုင်ပွဲကျင်းပမယ့် ဗီယက်နမ်နိုင်ငံကို ထွက်ခွာမှာဖြစ်ပြီးဒီပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က သောင်နမ့်အားကစားကွင်းမှာ ဇွန်လ ၉ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းဟာ အုပ်စု (က) မှာ အိမ်ရှင် ဗီယက်နမ်၊ လာအို၊ တီမောအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၉ ရက်မှာ အိမ်ရှင်ဗီယက်နမ်နဲ့ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကာမြန်မာ ယူ-၁၉ အမျိုးသမီးအသင်းဟာ လာမယ့် ဩဂုတ်လအတွင်းမှာလည်း အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲရဲ့ ခြေစစ်ပွဲစဉ်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဒီခြေစစ်ပွဲတွေကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။




news-view-count-icon

31