back

၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့ ပြည်တွင်း မိုးလေဝသခန့်မှန်းချက်

May 25 • 1:25 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့ ပြည်တွင်း မိုးလေဝသခန့်မှန်းချက်

ယနေ့ မိုးရွာနှုန်းမှာ တိုင်းဒေသကြီးများနှင့် ပြည်နယ်အများစုတွင် ရာနှုန်းပြည့်ရှိပြီး မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းများတွင် မို...

ယနေ့ မိုးရွာနှုန်းမှာ တိုင်းဒေသကြီးများနှင့် ပြည်နယ်အများစုတွင် ရာနှုန်းပြည့်ရှိပြီး မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းများတွင် မိုးကြီးနိုင်သည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အနီးအဝေးများတွင် မိုးထစ်ချုန်း၍ တစ်ကြိမ်နှစ်ကြိမ်ရွာမည်။ မိုးတိမ်တောင်များအနီးတွင် လေပြင်း၊ မိုးကြိုးနှင့် မိုးသီးဖြစ်နိုင်သဖြင့် သတိထားရန်လိုသည်။ ပင်လယ်ပြင်များတွင်လည်း မိုးသက်လေပြင်းများကြောင့် လှိုင်းမြင့်နိုင်ပြီး ရေပြင်လေသည် တစ်နာရီလျှင် ၃၀ မိုင်အထိတိုက်နိုင်ပါသည်။ မိုးပိုလာနိုင်သည့် ဒေသများတွင် ချင်း၊ ကချင်၊ မွန်၊ ကရင်၊ ရခိုင်နှင့် တနင်္သာရီတို့ပါဝင်သည်။


news-view-count-icon

25