back

မန္တလေးမြို့ The Square Theatre တွင် ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

May 24 • 3:02 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ The Square Theatre တွင် ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square The...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ဂီတရံပုံငွေပွဲတွင် ဇော်ပိုင်၊ ဝေလ၊ ဂျီလတ်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ စိုးထက်(ဝါဆို)၊ ချောစုခင်၊ အိမ့်ချစ်၊ ဂျူဝယ်၊ ကေကေမိုး၊ ချမ်းမြေ့မောင်ချိုအပါအဝင် အခြားအဆိုတော်များအားဖြည့်၍ MC နှင့် Mystery Band Mandalay တေးဂီတဝိုင်းတော်သားများက အားဖြည့်ကူညီတီးခတ်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဂီတရံပူံငွေပွဲအား Main Sponsor အဖြစ် ထိပ်တန်းရွှေဘုရင် စိန်ရွှေရတနာဆိုင်မှ ကူညီပံ့ပိုးထားကာ Co - Sponsors များအဖြစ် MAI Airline Nagar Lady Automobile Car Showroom ၊ Ko Ye Thu Ya Car Lucky Draw၊ မြတ်မန္တလာထွန်း ခရီးသည်ပို့ဆောင်ရေး ၊ မန္တလာမင်း ခရီးသည်ပို့ဆောင်ရေးတို့မှ ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။ငလျင်ဘေးသင့် ဒေသအတွက် လှူဒါန်လိူသူများအနေဖြင့် ဖုန်း- 092021121. 09772070707. 092030333 0979881 1888 များသို့ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။



news-view-count-icon

33