back

အထက်အညာဒေသရှိ ထနောင်းခေါက်ခွာရောင်းခြင်းမျိုးသာမကဘဲ အပင်လိုက်ခုတ်လှဲရောင်းချလာခြင်းမျိုး ရှိလာ

May 24 • 3:01 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အထက်အညာဒေသရှိ ထနောင်းခေါက်ခွာရောင်းခြင်းမျိုးသာမကဘဲ အပင်လိုက်ခုတ်လှဲရောင်းချလာခြင်းမျိုး ရှိလာ

ယခုနောက်ပိုင်း အထက်အညာဒေသများတွင် ထနောင်းခေါက်ခွာရောင်းခြင်းမျိုးသာမကပဲ အပင်လိုက်ပါ ခုတ်လှဲရောင်းချလာခြင်းမျိုးများရှိလာကြောင်း သိရသည်။အထက်အညာဒေသရှိ ကျေးလက်ဒေသမ...

ယခုနောက်ပိုင်း အထက်အညာဒေသများတွင် ထနောင်းခေါက်ခွာရောင်းခြင်းမျိုးသာမကပဲ အပင်လိုက်ပါ ခုတ်လှဲရောင်းချလာခြင်းမျိုးများရှိလာကြောင်း သိရသည်။အထက်အညာဒေသရှိ ကျေးလက်ဒေသများတွင် လတ်တလောကြုံရသည့်အခြေအနေများကြောင့် ကွင်း ဆင်း၍ အသိပညာပေးခြင်းမျိုးကိုမလုပ်နိုင်သေးသော အခြေအနေမျိုးကြုံရပြီး လွန်ခဲ့သောနှစ်က ထနောင်းခေါက် ခွာရောင်းကြသော အဖြစ်မျိုးမှ ယခုအခါ အပင်လိုက်ခုတ်လှဲရောင်ချသည်အထိ လုပ်ဆောင်လာခဲ့ကြောင်း သဘာ ၀ပတ်ဝန်းကျင်ထိန်းသိမ်းပေး ပညာပေးလုပ်ကိုင်နေသူများထံမှ သိရသည်။ရာသီဥတုအလွန်ပူပြင်းသည့်ကာလမျိုးတွင် အပူပိုင်းဒေသရှိသစ်ပင်များသည် အလွန်အရေးပါကြောင်း၊ ထနောင်းပင်များသည် မြန်မာနိုင်ငံအတွင်း အပူပိုင်းဒေသများ၌ ရေလိုအပ်မှုနည်းပါးပြီး ခြောက်သွေ့မှုဒဏ် ခံနိုင် ရည်ရှိသည့် အပင်မျိုးစိတ်တစ်ခုလည်းဖြစ်ကြောင်း သိရသည် ။ထိုဒေသတွင် ထနောင်းအပင်အများစုသည် လူကစိုက်ပျိုးခြင်းထက် သဘာ၀အတိုင်းပေါက် ခြင်းများ ရှိနေပြီး ထနောင်းခေါက်ခွာခံရသည့် အပင်သည် ချက်ချင်းမသေသော်လည်း ဒဏ်ရာရကာ နှစ်အနည်းငယ်အတွင်း ခြောက်သွားတတ်ကြောင်း၊ မိုးနည်းလာပါက အပင်သေရန် ရာခိုင်နှုန်းများတတ်ကြောင်း သိရသည် ။ 



news-view-count-icon

62