မေလ ၂၄ ရက် မွန်းလွဲပိုင်းမှ စတင်၍ မိုးချုပ်သည်အထိ မနားတမ်း ရွာချလိုက်သော မိုးရေ ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ပတ်လမ်း တစ်လျှောက် ကားလမ်း ရေကျော် ကား ဆိုင်ကယ်များ မှောက်လဲခြင်း ရှိကြောင်း သိရသည်။တောင်ကျရေကြောင့် ဆိုင်ကယ်မောင်းစဉ် ဒူးဆစ်မြုပ်သည်အထိ တံတား ရေကျော် သော နေရာများလည်း ရှိပြီး လမ်းတိုင်း ၊ တံတားတိုင်းတွင် ရေကျော်မှုများ ဖြစ်နေကြောင်း သိရသည်။ထို့ပြင် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ ရွှေတောင် ရပ်ကွက်၊ ရတနာသီရိ ရပ်ကွက် ၊ လမ်းမတော် ရပ်ကွက်၊ ရှိ အနိမ့်ပိုင်း ရပ်ကွက်များတွင်ယနေ့မိုးရွာခြင်းကြောင့်ရေကြီး ရေလျှံ နစ်မြုပ်မှုဖြစ်ပွား ကြောင်း သိရသည်။



