ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စိန်ဟုယူဆရသည့် (Moissanite) အဖြူရောင်ကျောက်ပွင့်များ ကို ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းနှင့်ပတ်သက်၍ တရားဝင်အထောက်အထား မပြနိုင်သည့်အတွက် ဖမ်းဆီးအရေးယူခဲ့ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားချက်အရ သိရသည်။အဆိုပါ စစ်ဆေးတွေ့ရှိမှုမှာ မေလ ၁၆ ရက်ကဖြစ်ပြီး စိန်ဟုယူဆရသည့် (Moissanite) အဖြူ ရောင် ကျောက်ပွင့် ဆိုဒ်စုံ ၆၄၅ ပွင့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၂,၁၅၀,၀၀၀)ကို စစ်ဆေးတွေ့ရှိ့ရခြင်းလည်းဖြစ် ကြောင်း ဆိုထားသည်။



