လုံခြုံရေးကင်မရာများ တပ်ဆင်ထားသော်လည်း ရဲတင်းစွာဖြင့် ခိုးယူကြသူများ ပိုမိုများပြားလာခြင်း ကြောင့် ရွှေဆိုင်ထည်နှင့် လက်ဝတ်ရတနာဆိုင်၊ ဖုန်းဆိုင်အပါအဝင် ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ဆိုင် အများစုမှာ ယခင်ကထက်ပိုမိုသတိထား၍ စောင့်ကြည့်ရခြင်းများ ပြုလုပ်နေရကြောင်း သိရပါတယ်။လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေထားသည့် စီစီတီဗွီမှတ်တမ်းများအရ ရွှေဆိုင်၊ ဖုန်းဆိုင်အပါအဝင် တန်ဖိုး ကြီးပစ္စည်း ရောင်းချသည့်ဆိုင်များသာမက တန်ဖိုးအနည်းငယ်သာရှိသည့် ကုန်ပစ္စည်းများရောင်းချသည့် ဆိုင်များ ၌လည်း ပစ္စည်းခိုးယူခံရသည့်ဖြစ်စဉ်များ ယခင်ကထက် ပိုများလာနေသည်ကို တွေ့ရခြင်းဖြစ်သည်။လုံခြုံရေးကင်မရာများတပ်ဆင်ထားသော်လည်း ရဲတင်းစွာခိုးယူလာကြသည့် ဖြစ်စဉ်များကို ရန်ကုန်၊ မန္တလေး၊ ပဲခူးစသည့် တိုင်းဒေသကြီးများအတွင်းရှိ မြို့ကြီးများတွင် ဆက်တိုက်ဖြစ်ပွားလာနေပြီး အဆိုပါ ခိုးယူ သည့် မှတ်တမ်းများတွင် ခိုးယူသူများမှာ မျက်နှာကိုဖုံးအုပ်ထားခြင်းမရှိဘဲ ဂရုမစိုက်သလိုပေါ်ပေါ်တင်တင် ခိုးယူ လုပ်ဆောင်လာကြပါတယ်။အဆိုပါ ခိုးယူကြသူများသည် အဖွဲ့လိုက်ခိုးယူကြသူများရှိသလို တစ်ဦးတစ်ယောက်ချင်းစီအလိုက် ခိုးယူ ကြသူ များလည်းရှိပြီး လူမှုကွန်ရက်တွင် ဖော်ပြထားသည့် မှတ်တမ်းများအရ ခိုးယူသူများမှာ လူငယ်များနှင့် လူ လတ် ပိုင်းများ ၊ အမျိုးသမီးကြီးများလည်း ပါဝင်ကြောင်း သိရသည်။


