ယနေ့ မေလ(၂၄) ရက် ၊ မြန်မာစံတော်ချိန် (၁) နာရီ၊ (၂၈) မိ နစ် (၅၇) စက္ကန့် အချိန်၌ ကလေးမြို့ကို ဗဟိုပြု၍ ၄.၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြန်မာ့မိုးလေဝသ (ရန်ကုန်ဌာနခွဲ)၏ အသိပေးထုတ်ပြန်ချက်အရ သိရသလိုမြန်မာ့မိုးလေဝသ ၊ မြေငလျင်တိုင်းထွာရေး ဗဟိုဋ္ဌာနမှ တိုင်းထွာချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ အနောက်-အနောက် မြောက်ဘက် (၇) မိုင်ခန့်အကွာ၌ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာပြီးခဲ့သော မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ၇.၇ ငလျင်လှုပ်ခတ်အပြီး ယနေ့အချိန်အထိ နောက် ဆက်တွဲငလျင် လှုပ်ခတ်မှု အကြိမ်ရေ (၁၈၀)ကြိမ် ရှိပြီဖြစ်ပါတယ်။
May 24 • 7:41 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


