ဒီနေ့ မနက်ပိုင်းက သုဝဏ္ဏကွင်းမှာ ရှမ်းယူနိုက် တက် စီနီယာ အသင်းနဲ့ အသက် ၂၂ နှစ်အောက်
မြန်မာ့ လက်ရွေးစင် အသင်းတို့ ခြေစမ်းခဲ့ရာမှာ
ရှမ်းယူနိုက်တက် အသင်းက (၂-၁) ဂိုးနဲ့ အနိုင်
ရခဲ့ပါတယ်။မြန်မာ ယူ ၂၂ အသင်းက သန်းတိုးအောင်ရဲ့ ဂိုးနဲ့ဦးဆောင် ကစားခဲ့တာ ဖြစ်ပြီး ရှမ်းယူနိုက်တက်က ရဲရင့်အောင်ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ ချေပဂိုးကို ပင်နယ်တီက တဆင့်ရခဲ့တာ ဖြစ်ပြီး၊ ဒုတိယဂိုးကိုတော့ ရဲရင့်အောင်က စအောင်ပြည့်ကိုရဲ့ ဖန်တီးမှုကတဆင့် ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပြီးရှမ်းယူနိုက်တက် အသင်းဟာ MNL League Cup အုပ်စု (A) မှာ အုပ်စုဗိုလ် အဖြစ်နဲ့ကွာတား ဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး၊ ချန်ပီယံဆု အရယူဖို့ လေ့ကျင့် ပြင်ဆင်လျက် ရှိပါတယ်။


