၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့
ရေပြင်လေဟာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ထိဖြစ်ကာလှိုင်းအခြေအနေမှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီးလှိုင်းအမြင့်ဟာ ၇ ပေမှ ၉ ပေခန့်ထိဖြစ်ပါတယ်။ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ- နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ထိဖြစ်ကာလှိုင်းအခြေအနေမှာ- လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီးလှိုင်းအမြင့်ဟာ ၇ ပေမှ ၉ ပေခန့်ထိဖြစ်ပါတယ်။



