မွန်ပြည်နယ်အတွင်း မြို့နယ်များတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု များနေကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရပါတယ်။မွန်ပြည်နယ်၊ မြို့နယ်အများစုတွင် မိုးဦးကျကာလအတွင်း ရာသီဥတုအပြောင်းအလဲကြောင့် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့်(အဆင့် ၄ )အထိ ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသလိုလက်ရှိတွင် မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်နေရသူများလာနေပြီး တစ်ချို့ကလေးငယ်များမှာ သွေးသွင်းနေရသည်ဟု ဆိုသည်။သွေးလွန်တုပ်ကွေးရောဂါသည့် အသက် ၁၅အောက် ကလေးငယ်များတွင် အဖြစ်များပြီး မိဘအနေဖြင့်လည်း မပေါ့ဆကြရန် သတိပေးထားပါတယ်။မွန်ပြည်နယ်အတွင်း ယနေ့အထိ အသက် ၁၅ နှစ်အောက်ကလေးသူငယ်များတုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၀ ဦးထက်မနည်းရှိပြီး သေဆုံးသူတစ်ဦးလည်းရှိကြောင်း သိရပါတယ်။
မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများနေကာ အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့်(အဆင့် ၄ )အထိ ဖြစ်ပွားနေ
May 24 • 5:48 AM
မြန်မာ
မွန်
မျှဝေမည်
| 14 | 0 | 0 | 0 |


