back

မန်းစည်ပင်ပိုင် စည်သွတ်စက်ရုံ (မန္တလေး) မှ အမဲသားပိဿာချိန် ၁ သိန်း ၂ သောင်းကျော် တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့

May 24 • 5:37 AM

breaking-news

မြန်မာ

မန္တလေး

cover

မန်းစည်ပင်ပိုင် စည်သွတ်စက်ရုံ (မန္တလေး) မှ အမဲသားပိဿာချိန် ၁ သိန်း ၂ သောင်းကျော် တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စည်သွတ်စက်ရုံ(မန္တလေး)အတွက် အမဲသား ကုန်ကြမ်းများကိုတင်သွင်းရန် အိတ်ပိတ်တင်ဒါခေါ်ယူနေကြောင်း အဆိုပါ စက်ရုံမှ သိရပါတယ်။စည်သွ...

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စည်သွတ်စက်ရုံ(မန္တလေး)အတွက် အမဲသား ကုန်ကြမ်းများကိုတင်သွင်းရန် အိတ်ပိတ်တင်ဒါခေါ်ယူနေကြောင်း အဆိုပါ စက်ရုံမှ သိရပါတယ်။စည်သွတ်စက်ရုံ(မန္တလေး)အနေဖြင့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမဲသားစည်သွတ်ဘူးထုတ်လုပ်ရန် လိုအပ်သည့် အမဲသား အသားကောင်း (၁၂၀,၁၃၂) ပိဿာအား အိတ်ပိတ်တင်ဒါစနစ်ဖြင့် ဝယ်ယူလိုကြောင်း သိရပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမဲသားသတ် လိုင်စင်(စီ)ရထားတဲ့ စိတ်ပါဝင်စားသူများအနေဖြင့် ချမ်းမြသာစည် လေဆိပ်အနောက်ဘက်ရှိ စည်သွတ်စက်ရုံ(မန္တလေး)တွင် လာမည့် မေလ ၂၆ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ တင်ဒါတင်သွင်းနိုင်တယ်လို့ သိရပါတယ်။တင်သွင်းလာသည့် တင်ဒါများကိုလာမည့် ဇွန်လ ၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဖွင့်ဖောက်ရွေးချယ်သွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် တင်ဒါစည်းကမ်းအသေးစိတ်နှင့် တင်ဒါပုံစံများကို တင်ဒါတင်သွင်းရမည့် စက်ရုံတွင် ရုံးဖွင့်ချိန်များအတွင်း လာရောက်ကြည့်ရှုစုံစမ်းနိုင်ကြောင်းနှင့် တင်ဒါပုံစံတစ်စုံလျှင် ငွေကျပ် ၃၀,၀၀၀ ဖြင့် ဝယ်ယူတင်သွင်းနိုင်ကြောင်း သိရပါတယ်။


news-view-count-icon

49