back

ဟိုပုံးတွင် ဆီဘောက်ဆာကား တိမ်းမှောက်ပြီး အနီးရှိယာဉ်များ မီးလောင်ကာ အနည်းဆုံး ၃ ဦးသေဆုံး

May 23 • 3:51 PM

breaking-news

မြန်မာ

ရှမ်း

cover

ဟိုပုံးတွင် ဆီဘောက်ဆာကား တိမ်းမှောက်ပြီး အနီးရှိယာဉ်များ မီးလောင်ကာ အနည်းဆုံး ၃ ဦးသေဆုံး

ယနေ့ မေလ ၂၃ရက် ညနေ ၅နာရီခန့်က တောင်ကြီး - ဟိုပုံးလမ်း (၈)မိုင်၊ ပင်းပက်စက်ရုံးအနီး၌ ဆီဘောက်ဆာကား ဘရိတ်ပေါက်ရာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး အနီးရှိ ကား...

ယနေ့ မေလ ၂၃ရက် ညနေ ၅နာရီခန့်က တောင်ကြီး - ဟိုပုံးလမ်း (၈)မိုင်၊ ပင်းပက်စက်ရုံးအနီး၌ ဆီဘောက်ဆာကား ဘရိတ်ပေါက်ရာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး အနီးရှိ ကား ၃ စီး၊ ဆိုင်ကယ် ၂စီးအပြင် ဓာတ်တိုင်၊ ဓာတ်ကြိုးများပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ ယင်းမတော်တဆမှုကြောင့် ဆီဘောက်ဆာကားနှင့် အနီးရှိ ကား၊ ဆိုင်ကယ်စီးနင်လာသူများ အားလုံးမီးထဲပါသွားခဲ့ပြီး အနည်းဆုံး ၃ဦးသေဆုံးကာ၊ ၄ဦးဒဏ်ရာရကြောင်း သိရသည်။ယခု မီးလောင်မှုဖြစ်ရသည်မှာလည်း လမ်းခင်းရန် လမ်းမပေါ်ထိပုံထားသည့် ကျောက်ခဲပုံအား ဆီဘောက်ဆာကားမှ တိမ်းရှောင်ရန်ကြိုးစားစဉ် ကား ၂ စီး နှင့် ဆိုင်ကယ် ၃ စီး ညှပ်မိပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိသူဒေသခံများကဆိုသည်။ 



news-view-count-icon

38