မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက် နေသူများဖြစ်သည့် မျိုးထွန်းနိုင်(ခ)အရှည်ကြီး (၄၆)နှစ် နှင့် ကျော်မျိုးသူ(ခ)အောင်ပု (၄၁)နှစ်တို့၂ ဦးအား မေလ ၂၁ ရက် ညနေ ၄ နာရီခွဲတွင် မဟာအောင်မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ x ၃၉ လမ်းထောင့်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သိရသည်။ ဖမ်းဆီးရမိသူ ဦး၏ ထွက်ဆိုချက်အရ ပါဝင်ပတ်သက်သူများဖြစ်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်နေ ဒေါ်ထွေးတင်(၅၃)နှစ်၊ (ဘ)ဦးခင်မောင်အား ၎င်း၏နေအိမ်၌လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေသူ များဖြစ်သည့် ဇေယျာထွန်း(ခ)ဖိုးဆယ်(၂၉)နှစ် ၊ အောင်ထွန်းလင်း(ခ) ကျော် ကြီး(ခ) အောင်ထွန်း (၂၉)နှစ်တို့ ၂ ဦးအား ည ၆ နာရီခွဲ တွင် အောင်ပင်လယ်ရပ်ကွက်ရှိ 3 COLOUR တည်း ခိုခန်း၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်များတွင် လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်း၍ နစ်နာ သူပိုင် ရှင် များထံ ပြန်လည်ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းနှင့် လုယက်မှုကျူးလွန်ခံရ သူများ အနေဖြင့်လည်း မိမိတို့၏ ပစ္စည်းများနှင့်ပတ်သက်၍ ပြစ် မှုဖြစ်ပွားသည့်ရဲစခန်းများ၌ ဆက်သွယ်စုံစမ်းတောင်းခံနိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။



