မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်နေ ဦးကျော်လင်း(၆၀)နှစ် မောင်းနှင်သော MDY-21U 8854 မီနီအိုးဝေယာဉ်ကိုငှားရမ်းစီးနင်း လိုက်ပါလာသူ အမျိုးသား ၂ ဦးက ရန်ကုန်-မန္တလေးအ မြန် လမ်းမကြီး မိုင်တိုင်အမှတ် ၃၆၄ မိုင် ၇ ဖာလုံ UD Amara Garden City အနီးအရောက် ၌ ယာဉ်မောင်း ဦးကျော်လင်းအား ဓားဖြင့်ထိုးကာ မီနီအိုးဝေယာဉ်အား လုယက်ယူဆောင်သွားခဲ့ပြီး ယာဉ် မောင်း ဦးကျော် လင်း မှာ လည်ပင်း ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဦးခေါင်းနောက်စေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။ ကျူးလွန်သူများ ဖြစ်ကြသည့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေ စိုးမင်းထွန်း(ခ) ထက်ရှိုင်း (၁၉)နှစ် နှင့် ဇော်ဝင်းထွန်း (၁၆)နှစ် တို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး/အသွား ၇ လက်မခန့်စီရှိ ဓား ဦးချွန် ၂ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ၊ယခုအခါ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။



