မနေ့ မေလ ၂၃ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာမှာ ဒေသခံနှစ်ဦးမြေမြှုပ်မိုင်းနင်းမိပြီး တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။သေဆုံးသူမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးဝင်နိုင်နဲ့ ဒဏ်ရာရရှိသူမှာ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဦးကျော်လှိုင်တို့ဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးဟာ မိသားစုစားဝတ်နေရေးအတွက် မြန်မာ - အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာမှာ ကုန်တင်ကုန်ချအလုပ်လုပ်ကိုင်သူတွေဖြစ်ကြပါတယ်။



