Nissan Motor သည် ဂျပန်အပါအဝင် ကမ္ဘာတလွှား စက်ရုံ ၁၇ ရုံ ရှိသည့်အနက် ၇ ရုံကို ပိတ်ထားရန် စဉ်းစားချင့်ချိန်နေသည့်အပြင် ဂျပန် ယိုကိုဟားမားရှိ ရုံးချုပ်အဆောက်အဦးကို ရောင်းချရန် စဉ်းစားချင့်ချိန်နေသည်ဟု ဂျပန်မီဒီယာ Nikkei က သတင်းဖော်ပြသည်။ အဆိုပါ ရုံးချုပ်အဆောက်အဦး၏ ခန့်မှန်းတန်ဖိုးမှာ ယန်း ၁၀၀ ဘီလီယံ (ကန်ဒေါ်လာ ၆၉၈ သန်း) ဖြစ်ကြောင်း သိရသည်။



