ယနေ့(၂၃.၅.၂၀၂၅)နေ့ည ၇ နာရီခွဲခန့်အချိန် YBS-61 လိုင်းကားပေါ်၌ ခရီးသည်အမျိုးသားတဦး ဖုန်းခါးပိုက်နှိုက်ခံလိုက်ရကြောင်း သိရသည်။အဆိုပါအမျိုးသား ကားပေါ်မှ ဆင်းခါနီးတွင် ခါးပိုက်နှိုက်အဖွဲ့က လွယ်အိတ်ထဲမှ ဖုန်းကို နှိုက်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ယခုကာလ ယာဥ်လိုင်းအချို့ပေါ်၌ ခါးပိုက်နှိုက်များ ပေါများလာနေပြီး ခါးပိုက်နှိုက်မှုများစွာကို ရက်ဆက် ကြားသိနေရသည့်အပြင် မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက YBS-58 ကားပေါ်တွင် လူငယ်နှစ်ဦးအား ခါးပိုက်နှိုက်တဖွဲ့က ထိုးကြိတ်ရိုက်နှက်ကာ ဥပဒေမဲ့ သောင်းကျန်းမှု ဖြစ်ပွားခဲ့သည်။



