back

လာအိုနိုင်ငံရှိ PF ဖိနပ်စက်ရုံတွင် နှစ်ပြည့်ပိတ်ရက် မပေးဘဲ ခိုင်းစေပြီး နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်း

May 23 • 2:54 PM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံရှိ PF ဖိနပ်စက်ရုံတွင် နှစ်ပြည့်ပိတ်ရက် မပေးဘဲ ခိုင်းစေပြီး နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်း

လာအိုရောက် မြန်မာလုပ်သားတစ်ဦးမှ “ညီမတို့က မြန်မာနိုင်ငံက အားထန် Company ကနေ လာအိုကို လာခဲ့တာပါ ။ မြန်မာပြည်မှာ ကုမ္ပဏီနဲ့ ညီမတို့ စာချုပ် ချုပ်တော့ အလုပ်ချိန်မပ...

လာအိုရောက် မြန်မာလုပ်သားတစ်ဦးမှ “ညီမတို့က မြန်မာနိုင်ငံက အားထန် Company ကနေ လာအိုကို လာခဲ့တာပါ ။ မြန်မာပြည်မှာ ကုမ္ပဏီနဲ့ ညီမတို့ စာချုပ် ချုပ်တော့ အလုပ်ချိန်မပါပါဘူး။ ဒါမယ့် အလုပ်ချိန် ၁၁နာရီ လုပ်ရမယ်လို့ ပြောပါတယ် ဒီ အလုပ်ချိန်က သာမန် အလုပ်ချိန် ၈နာရီ နဲ့ အချိန်ပို ၃နာရီ စုစုပေါင်း ၁၁နာရီလို့ပြောထားတာပါ။ အလုပ်ရှင်နဲ့ အလုပ်သမားကြား စာချုပ်မှာ တနှစ်ပြည့်တဲ့သူက ခွင့်ရက် ၁၅ ရက်လို့ သူတို့ပြောခဲ့ပါတယ်။ အဲ့ အလုပ်သမားတွေ အားလုံး တယောက်မှ မနားရပဲ နိုင်ငံကူးလက်မှတ်များလည်း သိမ်းထားပါတယ်။ ညီမတို့ စက်ရုံက တခြားစက်ရုံတွေထက် အလုပ်ချိန် ပိုများပါတယ်။” ဟု ပြောပြချက်အရ သိရသည်။




news-view-count-icon

1