၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ကြသည်။နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ “ကျောင်းနေအရွယ် ကလေးအားလုံးစဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျဆရာ၊ ဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။ 
May 23 • 10:59 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 19 | 0 | 0 | 0 |


