မန္တလေးမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာ ဆရာမများက ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက်အပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့ စေရေး၊ ကျောင်းသား စာရင်းပေးသွင်းရာတွင် စည်းကမ်းတကျ ဖြစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ယခင်နှစ်ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်း၊အလယ်တန်းနှင့် မူလတန်းကျောင်း ၃၅၂၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၆၈ ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၂၄၆ ကျောင်း စုစုပေါင်း ၄၀၄၃ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူ ၁၀၂၃၂၉၀ တက်ရောက် ပညာသင် ကြားခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ယခင်ပညာသင်နှစ်ကထက် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်းများအားလုံးနီးပါး ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



