မြိတ်မြို့၊ ရေနံမြေရပ်ကွက်တွင် မေလ ၂၂ ရက် ညနေပိုင်းက အသက် ၁၀နှစ်ကျော်အရွယ် ယောင်္ကျားလေးတစ်ဦး ရေနစ်သေဆုံးကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။လှေကမ်းကပ်သည့် တံတားပေါ်မှ ခြေချော်ပြုတ်ကျ ရေနစ်ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းဝင်တစ်ဦးက ပြောသည် ။ရေနစ်သည့်ကလေးအား မြိတ်မြို့ဆေးရုံကြီးသို့ ကရုဏာနာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံသို့ ရောက်ပြီးနောက် စစ်ဆေးစဥ် အသက်မရှိတော့သဖြင့် မြိတ်မြို့ရှိ ရင်ခွဲရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း ယင်းအသင်းထံမှ သိရသည်။



