ပြည်တွင်းထုတ်ဘိလပ်မြေများကို ကုန်းလမ်းဖြင့် ထားဝယ်ခရိုင်သို့ တင်သွင်းလေ့ပြီး ထိုင်းထုတ် ဘိလပ်မြေများကို ရေလမ်းကြောင်းဖြင့် တင်သွင်းလေ့ရှိသည်။သို့သော် ယခုနှစ်ဆန်းပိုင်းမှာ စတင်ကာ ပြည်တွင်းထုတ် ဘိလပ်မြေများ ဝယ်ရခက်ခဲသဖြင့် ပြည်ပက ဘိလပ်မြေကိုသာ အားကိုးနေရကြောင်း စျေးကွက်အတွင်းက သိရသည်။ထားဝယ်မြို့ပေါ်ရှိ ဆောက်လုပ်ဆဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့တွင်လည်း ဘိလပ်မြေ အခက်အခဲဖြစ်နေ၍ လုပ်ငန်း ခေတ္တရပ်နားထားကြသူများရှိသလို လုပ်ငန်းလည်ပတ်မှု လုံးဝ မရပ်ဆိုင်းရန် ချိန်ဆလုပ်ကိုင်နေသူများလည်း ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများက ဆိုသည်။



