back

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

May 23 • 10:57 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များနှင့်အတူ သပြေကုန်း...

နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များနှင့်အတူ သပြေကုန်းဈေးရှေ့ ပိတောက်လမ်းမကြီးသို့သွားရောက်ပြီး လမ်းဘေးရေနုတ်မြောင်းများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် သပြေကုန်းဈေးအတွင်း ဈေးရုံအဆောက်အအုံ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး ပျက်စီးမှုများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေး၊ လုပ်ငန်းများ အပိုင်းလိုက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ ဈေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး၊ ဈေးများပုံမှန်အတိုင်း အမြန်ဆုံး လည်ပတ်ရောင်းချနိုင်ရေးတို့ကို မှာကြားသည်။

news-view-count-icon

8