back

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို ထောက်ပံ့မှုများပြုလုပ်သွားမည့် ရွှေမင်းသားဖောင်ဒေးရှင်း

May 23 • 10:56 AM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို ထောက်ပံ့မှုများပြုလုပ်သွားမည့် ရွှေမင်းသားဖောင်ဒေးရှင်း

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။မသန်စွမ်းသူများအတွက် ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ရာတွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးပေါင်း၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကိတ်ခြောက်၊ ပန်းကန်လုံး/ပြား၊ ဇွန်း၊ အိမ်သုံးဆေးဝါး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်ပြီးမသန်စွမ်းသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ မသန်စွမ်းအထောက် အကူပြုပစ္စည်းများ၊ Tent များနှင့် တာလပတ်များကိုလည်း ထည့်သွင်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။



news-view-count-icon

9