(မေလ၂၂ရက်) ညနေ၅နာရီအချိန်မှာနေပြည်တော်၊ဇေယျာသီရိမြို့နယ်၊နယ်မြေ(၃)ရပ်ကွက်၊ရေဆင်းကျေးရွာမှာ အသက်(၂၁)အရွယ်အမျိုးသမီးတစ်ဦး ဆွဲကြိုးချကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံမှ သိရပါတယ်။အသက်(၂၁)အရွယ်အမျိုးသမီးဟာ ပြည်ပနိုင်ငံတစ်ခုတွင် သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိတဲ့ အမျိုးသားဖြစ်သူနဲ့ အခက်မသင့်စကားများရန်ဖြစ်ပြီးနောက် အရှည်(၁၂)ပေခန့်ရှိပလပ်စတစ်ကျစ်ကြိုးနဲ့ နေအိမ်ထဲရှိအမြင့်(၁၂)ပေခန့်ရှိသစ်သားတန်းမှာ ကြိုးဆွဲချသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ကြိုးဆွဲချကွယ်လွန်သူ အမျိုးသမီးကို ဇေယျာသီရိမြို့နယ်ကုတင်(၅၀)ဆေးရုံမှပုဗ္ဗသီရိမြို့နယ်ကုတင်(၃၀၀)ဆေးရုံသို့ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
May 23 • 9:03 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 46 | 0 | 0 | 0 |


