ရန်ကုန်တိုင်းထဲမှာ ယခုလပိုင်းတွေ အတွင်း အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံးမှုတွေဖြစ်ပေါ်နေတာကြောင့် ရန်ကုန်မြို့မှာ နေထိုင်သူတွေ စိုးရိမ်မှုမြင့်တက်နေကြပါတယ်။ကောက်ယူထားတဲ့ စာရင်းတွေအရ မေလ တစ်ခုထဲမှာ တင် ရန်ကုန်မြို့မှာ အမျိုးသမီးငယ် ၁၀ ဦးထက်မနည်းပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံံးမှုတွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလလောက်က စတင်ပြီး ဖြစ်ပေါ်ခဲ့ကာဇန်နဝါရီလအတွင်းမှာ ဖြစ်ခဲ့ တဲ့ အမျိုးသမီးငယ်တွေ ပျောက်တဲ့ ဖြစ်စဉ်တစ်ခုမှာတော့ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်ဟာ သင်တန်းက အပြန် ကားမှတ်တိုင်းတခုမှာ ရပ်နေရင်း ရုတ်တရက် မေ့မျောသွားရာက နိုးလာတဲ့ အခါကားပေါ်ရောက်နေပြီး ကားပေါ်က ခုန်ချတဲ့ အခါ လွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးငယ် ရောက်ရှိနေတဲ့ နေရာက မြ၀တီတောလမ်းတစ်နေရာမှာ ဖြစ်လို့ ကျားဖြန့် လုပ်ငန်းတွေ နဲ့ ဆက်စပ်တဲ့ နေရာကို ပို့တာဖြစ်နိုင်တယ်လို့ လွတ်မြောက်လာတဲ့ အမျိုးသမီးငယ်က သုံးသပ်ထားပါတယ်။ယခုလပိုင်းထဲ ရန်ကုန်မှာ ပျောက်ဆုံံးသူ အများစုဟာ အသက် ၁၆ နှစ်ကနေ အသက် ၃၀ ကြား လူငယ်အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ လူမှုကွန်ရက်က လူပျောက်ကြေညာချက်တွေအရ သိရပါတယ်။
ရန်ကုန်မှာ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှုဆက်တိုက်ဖြစ်ပွားနေပြီး မေလတစ်လတည်းတွင် အမျိုးသမီးငယ် ၁၀ ဦးထက်မနည်းပျောက်ဆုံးခဲ့
May 23 • 8:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


