အမေရိကန်နိုင်ငံမှာကျင်းပမယ့် UFC 316 ပြိုင်ပွဲမှာ ချင်းဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဘရာဇီးလ် ဖိုက်တာ ဘရူနိုဆေးဗားလ်တို့ တွဲဆိုင်းပါဝင်လာမယ်လို့ သိရပြီးဖိုက်တာဂျိုရှုအာဗန်နဲ့ ဘရူနိုဆေးဗားလ်တို့ဟာ ယခင် မတ်လ ၈ရက်က တွဲဆိုင်းအဖြစ် UFC က စီစဉ်ခဲ့သော်လည်း ပွဲပျက်ခဲ့ပြီး ယခုတစ်ခေါက်မှာတော့ ထပ်ပြီး ဇွန်လ ၈ရက်မှာ ထိုးသတ်ဖို့ စီစဉ်ခဲ့ပြန်တာဖြစ်ပါတယ်။ဂျိုရှုအာဗန်က ပရိုဘဝမှာ ၁၅ပွဲထိုးသတ်ဖူးပြီး ၁၃ပွဲနိုင် ၂ပွဲရှုံးထားပြီး အသက်၃၅နှစ်အရွယ် ဘရူနိုဆေးဗားလ်ကတော့ UFCမှာ ရှစ်ပွဲထိုးထားပြီး ၄ပွဲနိုင် ၃ပွဲရှုံး ၁ပွဲ ရလာဒ်သတ်မှတ် ရထားခဲ့ပါတယ်။



