မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၂၂ ရက်တွင် ငွေလဲနှုန်း ၁၃၁.၇၈ ကျပ်ဖြင့် ထိုင်းဘတ် ၅.၇၅၉ သန်းကို ထုတ်ရောင်းခဲ့ပြီး၊ ထိုနေ့တွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၃၆.၅၃၅ သန်း၊ ထိုင်းဘတ် ၃၈.၆၈၅ သန်းနှင့် အိန္ဒိယရူပီး ၁၂.၂၇၂ သန်း အလဲအပြောင်းအရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း သိရသည်။



